သူငယ်ချင်း တစ်ဖြစ်လည်း ညီမငယ်
သဲသဲ က
ဓါတ်လှေကားထဲ ပိတ်မိနေသော မိန်းကလေးနှစ်ယောက်ကို ကယ်ထုတ် ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ခံစားဝေမျှတော့ ကျွန်တော်လည်း ကိုယ်တွေ့ကြုံဖူးတာလေး
ပြန်သတိရတယ်။ အတော်ဆိုးပါတယ်ခင်ဗျ။ နှလုံးရောဂါ ရှိရင်တော့ ဆက်မဖတ်ဖို့ ပြောပါရစေ။
တကယ်ပြောတာပါ။ဖြစ်ရပ်မှန်ပါ။
အဲ့ဒီတုန်းကပေါ့ .............
တပ်မတော် အရိုးရောဂါကုဆေးရုံ ကုတင်(၅၀၀)မှာ လက်ထောက်တွေနဲ့ ဝှီးချဲတွေနဲ့ တူရာ တူရာစု
ပြီး အပြန်အလှန် နာလား၊ ခဏဆို ပျောက်မှာပါ၊ တစ်ယောက်တည်း မဟုတ်ဘူး၊ အေးဆေးပါ၊မိုင်
နာပါ ဆိုပြီး ဒုက္ခိတ များစုဝေးရာဌာနပေါ့။
အချိန်က (၂၀၀၆) .......
ညဘက် ဆို လူနာဆောင်ထဲ လူနာ အသစ်ကလေး ဝင်လာတဲ့ ဘယ်အချိန်မဆို ... ထနိုင် သွားနိုင်သော တစ်ဖြတ် နှစ်ဖြတ်၊ ပျက် ၊ ကျိုး ၊ လွဲ၊ ကြေ သူတို့ အထောက်အကူ ပစ္စည်းလေးတွေ
နဲ့ နွေးထွေးစွာ ကြိုဆို ၊ ဆေးရုံမရောက်ခင် ကာလ စိတ်ညစ်ညူးသမျှ ဟောကနဲ ပျောက်အောင်
ဟန်ဆောင် ပြောကြ ရယ်ကြမောကြ တစ်ဆစ်ဆစ် ကိုက်ခဲနေတဲ့ ကြားက။
ဘာသောက်မလဲ အပူလား။အအေးလား။ ခေါက်ဆွဲခြောက်လား။ပါမုန့်လား။
လူနာရှင်တွေ ပါ လိုက်ရယ်။ လိုက်မော ။ တသောသောနဲ့ လူနာသစ်လွင်ကြိုဆိုပွဲတွေ ပါဝင် ဖြတ်သန်းစဉ်ကာလ။
တစ်ရက်
သိန်းသန်းဝင်း
အသစ်ကလေး ... သိန်းသန်းဝင်း လူနာသစ်လွင် အနေနဲ့ ရောက်လာတယ်။ လူနာဆောင်ထဲ
မရောက်ဘူး။ အောက်ထပ် ICU မှာ မျက်လုံးထိ၊ခြေတစ်ဖက် ၊ လက်ဆစ်တွေ အကုန်ကျိုး
အရေးပေါ်ဆိုတဲ့ သတင်းရတော့။ မနေနိုင်သော ကိုမျိုးမင်းခိုင်၊ကိုမြတ်သူ၊ကိုကျော်မြင့်ဦး၊အေးချမ်း၊
နေလင်းဦး၊မောင်အာကာ၊ရဲမင်းခန့်၊ထွန်းမင်းစိုး၊အောင်ကျော်ထွန်းနဲ့ ဆန်းဦးတို့
ICU ရှိရာ အောက်ထပ်သို့ ဝှီးချဲ၊လက်ထောက်၊ချိုင်းထောက် တွေ နဲ့ ဓါတ်လှေကားဆီ သွားပြီး
တစ်စုတစ်ဝေးထဲ အောက်ထပ်သို့ အဆင်း