၁။ ရှာဖွေရေး အင်ဂျင် ဆိုသည်မှာ?
မိမိ
ရိုက်သွင်းလိုက်သော စကားလုံးကို အသုံးပြု၍ ထိုစကားလုံးနှင့် ပတ်သတ်၍
ရရှိနိုင်သော အချက်အလက်များကို အင်တာနက်ပေါ်တွင် ရှာပေးသော ကွန်ပျူတာ
လုပ်ငန်းစဉ်၊ သို့မဟုတ် ထိုလုပ်ငန်းစဉ် ပါသော ကွန်ပျူတာ။
၂။ SEO/SEM ဆိုသည်မှာ?
SEO
ဆိုသည်မှာ Search Engine Optimization ၏ အတိုကောက် ဖြစ်ပြီး SEM ဆိုသည်မှာ
Search Engine Marketing ၏ အတိုကောက် ဖြစ်ပါသည်။ နှစ်မျိုးလုံးသည် သဘောတရား
အတူတူပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာလူသားတို့သည် တစ်စုံတစ်ရာကို သိချင်ပြီဆိုပါက
အင်တာနက်ပေါ်တွင် ရှာဖွေရေး အင်ဂျင်များမှ တစ်ဆင့် သိချင်သည်ကို
ရှာဖွေလေ့ရှိကြသည်။ မိမိ ဝဘ်ဆိုက်၏ လိပ်စာကို လူတိုင်းသိနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် လူသားတို့ ရှာဖွေရာတွင် မိမိဝဘ်ဆိုက်ကို တွေ့ရှိ၊ သိရှိနိုင်အောင်
မိမိ ဝဘ်ဆိုက်ကို ရှာဖွေရေး အင်ဂျင်များနှင့် ချိတ်ဆက်ထားရသည်။ ထိုကဲ့သို့
ချိတ်ဆက်ထားသော ဝဘ်ဆိုက်ပေါင်းများစွာ ရှိသည့်အနက် မိမိတို့၏ ဝဘ်ဆိုက်ကို အခြား
ဝဘ်ဆိုက်များထက် ရှေးဦးစွာ ဖော်ပြစေရန် ပြုလုပ်ခြင်းကို SEO ဖြစ်အောင်
ပြုလုပ်သည်ဟု ခေါ်ပါသည်။ ထိုကဲ့သို့ မိမိ၏ ဝဘ်ဆိုက်ကို ရှေးဦးစွာ
ဖော်ပြစေကြောင့် မိမိ ဝဘ်ဆိုက်ကို လူသိများလာ၍ စျေးကွက်ချဲ့ထွင်
နိုင်ခြင်းကြောင့်
SEM ဟုလည်း ခေါ်ပြန်ပါသည်။
၃။ ဒိုမိန်း ဆိုသည်မှာ?
ကွန်ပျူတာ
သို့မဟုတ် ကွန်ရက် တစ်ခု၏ တည်နေရာကို ညွှန်ပြသော (ချိတ်ဆက်ထားသော) အင်တာနက်တွင်
သုံးသော လိပ်စာ တစ်ခု ဖြစ်သည်။ ထိုလိပ်စာများကို ထပ်တူညီခြင်း မရှိစေရန် စီမံ
ခန့်ခွဲထားသည်။ ဥပမာ လိပ်စာ - www. myanmar webdesigner.com.
၄။ Flash ဆိုသည်မှာ?
Adobe
ကုမ္ပဏီ အဖွဲ့အစည်းမှ ထုတ်လုပ်ထားသော ဝဘ်ဆိုက်နှင့် ပတ်သတ်သော နည်းပညာ သို့မဟုတ်
ဆော့ဖ်ဝဲ။ ၎င်းဖြင့် အသံ၊ ဗီဒီယို၊ လှုပ်ရှားမှု စသည်တို့ကို ပေါင်းစပ်ပြီး
ဖန်းတီးပြီး ဝဘ်ဆိုက်တွင် ထည့်သွင်းနိုင်သော ပုံစံဖြင့် ထုတ်လုပ်ပေးနိုင်သည်။
၅။ JavaScript ဆိုသည်မှာ?
ကွန်ပျုတာ
အစီအစဉ်ရေးသော ဘာသာရပ်တစ်ခု ဖြစ်ပါသည်။ ၎င်းဖြင့် ဝဘ်ဆိုက် စာမျက်နှာများတွင်
လှုပ်ရှားမှုများ ထည့်သွင်းနိုင်ပြီး၊ ဝဘ်ဆိုက် ဝန်ဆောင်မှု အတော်များများတွင်
အသုံးပြုကြသည်။
|
No comments:
Post a Comment