Tuesday, 1 January 2013

ကျိုက်ဓနုတ်ဘုရားတွင်းမှ ဗုဒ္ဓရုပ်ပွားတော်မြတ်



Buddha Portrait_1.
December 06, 2012.
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဓနုတ်ကျေးရွာ၊ ကျိုက်ဓနုတ်ဘုရားတွင်းမှ ဗုဒ္ဓရုပ်ပွားတော်မြတ်။


 ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဓနုတ်ကျေးရွာ -
သမိုင်းဝင် "ကျိုက်ဓနုတ်ဆံတော်ရှင်စေတီတော်" သမိုင်းအကျဉ်း။

သမိုင်းအထောက်အထားများအရ -
စူဠသီရိမာသောကမင်း၊ ဟံသာဝတီဗညားဦးမင်း၊ ဟံသာဝတီသုတသောမမင်း၊ ဟံသာဝတီဘုရင်မကြီးရှင်စောပု
ဘုရင့်နောင်ကျော်ထင်နော်ရထာ၊ အင်းဝဘုရာသာလွန်မင်းတရားကြီး၊ ဘိုးတော်ဦးဝိုင်း(ဗဒုံမင်း)၊တို့မှ ခေတ်အဆက် ဆက်ပြုပြင် မွန်းမံ တည် ထားခဲ့သည်။

- သုဝဏ္ဏဘုရင်က သားတော်ကြီး "တိဿဘောဂသေန" ကို တြိယဝင်္က ခေါ်သံလျင်ကျွန်းအားပေးသနားေတာ်မူပြီး မြို့စားခန့်သည်၊ သံဝေဂရ၍ ထိုကျွန်းမှာပင်နေထိုင်စဉ် ဘုရားရှင်(၈)ဝါရပြီးနောက် "ကေလာသ" တောင်ထိပ်သို့ကြွလာကြောင်းသိရပြီး စျာန် အဘိဉာဏ်ဖြင့် ဘုရားဖူးသွားရာ မြတ်စွာဘုရားထံမှ ဆံတော် (၁) ဆူရခဲ့သည်။

- တြိယဝင်္က = အကောက်အစွန်း(၃)ခု ရှိသော အရပ်တွင်နေသောကြောင့် "ရသေ့ကောက်(ကာလကြာသော်) "ရသေ့ခေါက်" အမည်ဖြင့် ထင်ရှားသည်။
-တြိယဝင်္က ခေါ်ရသေ့ခေါက်သည်ရရှိခဲ့သောဆံတော်ဓာတ်တော်ကို လေးဒေါင့်ကျောက်တိုက်အတွင်း ဌာပနာထားကိုးကွယ်ခဲ့သည်၊ မဟာသက္ကရာဇ်(၁၁၄) တွင် ကျောက်ထီးတိုက်ထူ၏။

- "စူဠသီရိမာသောကမင်းလက်ထက်တွင် အရှင်သောဏ နှင့် အရှင်ဥတ္တရ တို့ညွှန်ပြတော်မူသောကြောင့်တြိယဝင်္ကရှင် ရသေ့၏ လေးထောင့်တိုက်အတွင်းမှဆံတော်ကိုဖွင့်ဖေါ်အဓိဌာန်ပြုရာဆံတော်ပွားတစ်ဆူရရှိပြီး စေတီတည်ခဲ့သည၊ သုဝဏ္ဏဒေဝီနှင့် လက်ထပ်ခဲ့သော လေးစင်္ကြာရှင်က ရန်သူတို့ကို နှိမ်နှင်းအောင်မြင်ရာအရပ်တွင် တည်ခဲ့သောကြောင့် "ဓနုဂ်စေတီ" ဟု ခေါ်ကြ သည်၊ (ဓနု=လေး၊ဂဟ=စွဲကိုင်သူ၊ လေးသည်တော်ဘုရား၊လေးဘုရား)ေလးမြှောင့်အမြင့် ဉာဏ်တော် အတောင်(၄၀) တည်ခဲ့သည်။

- ကောဇာ(၇၁၅)ခုတွင် "ဟံသာဝတီဗညားဦးမင်း" က သင်တိုင်းစေတီတည်ပြီး ကောဇာ(၇၁၆)ခုတွင် ထီးတော်တင်ခဲ့သည်။
-ဗညားဦး၏သားတော်"သုတသောမမင်းလက်ထက်တွင် မြေငလျှင်လှုပ်ပြီး စေတီပြိုကျသောကြောင့် ပြန်လည်တည်ကာ ကောဇာ
(၇၇၆)ခုတွင်ထီးတော်တင်ခဲ့သည်။ မှတ်ချက် ။ ။ ဗညားဦးသားအမည်မှာ "ဗညားနွဲ့ - ရာဇာဓိရာဇ်မင်းအဖြစ်(၃၈)နှစ်ကြာခဲ့သည်။

- "ဘုရင်မကြီးရှင်စောပု" လက်ထက် ကောဇာ(၈၁၉)ခုတွင် ငလျှင်လှုပ် စေတီပြိုပြန်ရာ ပြုပြင်ပြီး ဉာဏ်တော်(၆၅)တောင်မြင့် စေတီ တည်ကာ (၈၂၅)တွင် ထီးတော်တင်ခဲ့ပါသည်။

-"ဓမ္မစေတီမင်း"လက်ထက် ကောဇာ(၈၉၁)ခုတွင်စေတီတော်ပြုပြင်ပြီး ရွှေသင်္ကန်းလှူခဲ့သည်။

- "တောင်ငူဘုရင် တပင်ရွှေထီး" လက်ထက်တွင်လဲ ထီးတော်ကြီးမြေခပြန်ရာ (၉၀၄)ခုတွင် ထီးတော် တင်လှူနိုင်ခဲ့သည်။

- "ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် ကျော်ထင်နော်ရာထာ" လက်ထက် (၉၂၆)ခုတွင် စေတီပြိုပြန်ရာဉာဏ်တော်အတောင်(၉၀)မြှင့်ပြီး ကြေးထီးတော် တင်လှူခဲ့သည်။

- "အင်းဝဘုရင်သာလွန်မင်း" လက်ထက် (၁၀၀၆)ခု ပြာသိုလဆန်း(၉)ရက် ကြာသာပတေးနေ့တွင်ငလျှင်ပြင်းစွာ
လှုပ်ပြန်ပြီး စေတီတော်ပြိုကျသည်၊ ပြုပြင်ပြီးထီးတော်တင်လှူခဲ့သည်။

- "အင်းဝဘုရင် စနေမင်း" လက်ထက် (၁၀၆၃)ခု တွင် ထီးတော်မြေခပြန်သည်ကို အသစ်တင်လှူခဲ့သည်၊ တန်ခူးလဆန်း(၉)ရက် ဗုဒ္ဓဟူးနေ့တွင်ကျိုက်ထီးရိုးစေတီပြိုပျက်သည်ကိုလဲထပ်တည်ထားပြီး ရွှေထီးတော်တင်လှူခဲ့သည်။

-"ဗဒုံမင်း(ဘိုးတော်ဦးဝိုင်း)လက်ထက်(၁၁၇၅)ခုတွင်ငလျှင်လှုပ်၍ စေတီပြိုရာ ဓနုဂ်ဆိပ်ကမ်းကင်းခွန်တော်ေငွဖြင့် ပြုပြင်စေ သည်၊ ဘုရင့် ထံမှ ကြေးထီးတော်ကို ရန်ကုန်မြို့ဝန်မင်းလှနော်ရထာ ပင့်ဆောင်လာပြီးထီးတော်တင်လှူခဲ့သည်။

-အင်္ဂလိပ်အစိုးရအုပ်ချုပ်ချိန်(၁၂၅၁)ခုတွင်ငလျှင်လှုပ်ပြီး ခေါင်းလောင်းပုံအထိပြိုကျခဲ့သည်၊ ဒလဖက်ကမ်း ကမာကဆစ်ရွာ ဆန်စက်သူဌေး ဦးကြည်က (၁၂၅၂)ခုတွင် စေတီငုတ်တိုပေါ်ဝယ် ကိုးတောင်ပြည့်စေတီတည်ခဲ့သည်၊ သားဦးဘိုး ခင်က (၁၂၇၇)ခုတွင်ဉာဏ်တော်(၁၂၄)တောင်အမြင့် ရန်ကုန်ဆူးလေစေတီပုံတည်ထားြပီး (၁၂၇၉)ခုတွင် အလှူရှင်များနှင့်အတူ ထီးတော်တင်လှူခဲ့ပါသည်။

- မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် (၁၃၁၁)ခုတွင် လေပြင်းဒဏ်ကြောင့် ငှက်မြတ်နား တွဲရရွဲ ပြုခဲ့သောကြောင့်စိန်ဖူးတော်ကို ပါယူပြီး ရန်ကုန်ရွှေတိဂုံ ဂေါပကအဖွဲ့ သို့အပ်နှံခဲ့သည်၊ စိန်ဖူး၊ ငှက်မြတ်နား အထွဋ်ကင်းမဲ့လျှက်(၄၂) နှစ်ကြာခဲ့သည်။

- တပ်မတော်အစိုးရလက်ထက် "နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး"ခေတ်ကာလတွင် "ဗိုလ်ချုပ်ခင်ညွန့်" မှ စိန်ဖူးတော် ငှက်မြတ်နားတင် လှူပူဇော်ခဲ့သည်၊ ၁၃၆၈ ခု ဝါဆိုလဆန်း(၃)ရက် ၊ (၂၇-၆-၂၀၀၆)အင်္ဂါနေ့နံနက်(၃း၁၅)နာရီအချိန် တွင် စေတီတော်ထက်ခြမ်းကွဲပြိုကျခဲ့သည်။
- နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီအုပ်ချုပ်စဉ်ကာလ ၁၃၇၁ ခု (၂၀၀၉)တွင် "ဗိုလ်ချုပ်မှူးကြီးသန်းရွှေမိသားစု" မှ ပြန်လည်တည်ဆောင်ပြီး ထီးတော်တင်လှူခဲ့ရာ ထီးတော်တင်လှူပြီးမေလ တွင် ထီးတော်မှ ဘိနပ်ခုံအထိပြိုကျခဲ့သည်။

- မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဇုတ်သုတ်ကျေးရွာ ကျိုက်ထီးဆောင်းဆံတော်ရှင်ဘုရားကြီးကျောင်းတိုက် ဆံတော်ရှင် သာသနာပြုဥသျှောင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ " ကျိုက်ထီးဆောင်းဆရာတော်ဘုရားကြီး" အနီးကပ်ကြီးကြပ်မှုဖြင့် ကျိုက်ထီးဆောင်းသာသနာပြု အထွေထွေအကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန ္တနာဂိန္ဒ(နာဂဒီပ) ဦးဆောင်သော ငါး သုံးလီတပည့်များနှင့် အများပြည်သူတို့က ၁၃၇၄ ခု ကဆုန်လဆန်း(၁)ရက် (၂၁-၄-၂၀၁၂) စနေနေ့တွင်
ပန္နက်တော် မင်္ဂလာ ဘိနပ်ခုံ အလျား(၆၁)ပေ(၆)လက်မ ရှစ်မြှောင့် ရှစ်ထောင့်ပန်းတင်ခုံကိုစတင်အာစီကွန်ကရစ်လောင်း ကာ စေတီတော်တည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိကြသည်။
(မင်းသိုက် - သြဂုတ်လ၂၆၊၂၀၁၂)

No comments:

Post a Comment