ဒီရက်ပိုင်း အစိုးရသစ် တက်ခါစက အတော်လေး စခန်းထလိုက်တဲ့ ဟောပြောပွဲ။ တစ်နည်း အားဖြင့် စာပေ ဟောပြောပွဲအဟောင်းတွေပြန်နားထောင်ဖြစ်တယ်။အဲ့ဒီမှာဆရာအကြည်တော် ဟောတာလေးထဲကပေါ့။သူတို့ ငယ်စဉ်က နေခဲ့တဲ့ကရင်ရွာလေးမှာ ကလေးပေါက်စန မတ်တပ်စမ်းကာစဆိုလျှင် မိဘများက ကလေးငယ် ၏ အရပ်ထက်နည်းနည်း နက်တဲ့ ကျင်းထဲ ထည့်ထားပြီး အလုပ် လုပ်ကြရတယ်။စားဝတ်နေရေး ကိုးဗျ။ ကျွန်တော်တို့ငယ်စဉ်ကလည်း ကိုယ်တွေ့မြင်ခဲ့ကြုံခဲ့ပါတယ်။
မိုးကုတ်သူ မိုးကုတ်သားတွေ အတွက်တော့ မစိမ်းလှဘူးပေါ့။
အမေကချောင်းနားမှာ ခနွှဲဆေး ကျောက်ရှာ ဇကာမှောက် ကျောက်ရှာ တောင်ယာလုပ် အဲ့လိုချိန်တွေဆို ကလေးလေးတွေက တွင်းထဲမှာ မုန့်နဲ့ရေတော့
ရှိသပေါ့။
မြေဓါတ်လည်းရသပေါ့။ ကျွန်တော်ဆို ငယ်တုန်းက ရေနီချောင်းဘေးနားနေတော့ မုံတွေ သဲတွေတောင် စားတယ်လို့ လူကြီးတွေက ပြန်ပြော ပြန်စကြတယ်။
ဟုတ်မှာပါ။
အဲ့ဒီလိုကျင်းထဲကနေ မတ်တပ် စမ်းချင်တာ အပြင်မှာဘာတွေလဲ သိချင်တော့ ခြေမခိုင် ယိုင်ယိုင်နဲ့ထ
ခပ်သေးသေး လက်လေးတွေနဲ့ မမှီမကမ်းမြေသားဘောင်လက်အားနဲ့ကုတ်ထား ဘိုငး်ကနဲ လဲအကျမှာ အာဗြဲနဲ့ငို ပြန်ထ ပြန်လဲ ဘိုင်းကနဲ ဘိုင်းကနဲပေါ့။
အာပြဲလိုက်ငိုလိုက်နဲ့အဆုံးမတော့ ခြေခိုင်ပြီမျက်လုံးလေးကလည်လည်နဲ့ လေးဘက်လေးရံသော လောက ကြီးကို စပ်စုခွင့်ရပါပြီ။ အမေ ဘယ်မှာလဲ အဖေကော မမ ကော ဦးလေး အဒေါ် တခြားသော သူတွေ ဘာတွေလုပ် နေလဲ စပ်စုခွင့်ရပါပြီ။သူကျင်းပေါ်က တက်ရင် ဘယ်သူ့နောက်လိုက်ပြီး စပ်စုချင်မလဲ ဆိုတာ မြင်နေရပါပြီ။ ကျောင်းသွားတဲ့ မမ လိုလား။ ပေါက်တူးတစ်လက်နဲ့ တွင်းတော သွားတဲ့ ဦးလေးတွေ လိုလား။အိမ်အလုပ် လုပ်နေတဲ့ အမေ့နားပဲနေမလား။ အဖေ့လိုမော်တော်ကားကြီးမောင်းလို့ ခရီးသည်တွေ ပို့မလား။ စသဖြင့်ပေါ့။ ဒါပေမယ့် ဘယ် မိဘမှ သားသမီးကို မြေပြင်ပေါ် တက် လူ့ပတ်ဝန်းကျင်ထဲမှာ ဘိုင်းကနဲ ဘိုင်းကနဲ မလဲကျစေဖို့ ဆန္ဒနဲ့ အလုပ်ခွင်ကိုယ်စီဝင်နေတယ်ဆိုတာတော့ အဲ့ဒီအချိန်မှာ ကလေးလေး ကတော့ သိမှာ မဟုတ်ပါဘူးဗျာ။ နောက် တစ်ဆက်တည်း ပြောပါရစေဦးတော့။ ဒီလိုနဲ့ အရွယ်ကာလ ကုန်လွန်ရွေ့လျား လာခဲ့သပေါ့။ ဒီရက်ထဲ ဆွေးနွေးမှုတစ်ခုမှာလည်း ဆရာမ တစ်ယောက် ဆီကကြားနာမိပါတယ်။ဆရာမသည် သင်ခန်းစာ ပို့ချနေစဉ် ရုတ်တရက် ကျွန်မက ပုံပြင်လေးတွေ လည်း ပြောပြရတာ ဝါသနာပါတော့ ပြောပါရစေဦး။ နားထောင်ဖူးသော ကြားဖူးသူများ သည်းခံပါဦးနော်။ ဒီလိုပါ

တစ်ခါက မြင်းပိုင်ရှင်နဲ့ မြင်းအိုကြီးပေါ့မြင်းပိုင်ဆိုင်ထားတာကလည်း ကြာပြီ
ကြာဆိုမြင်းက အတော် အိုနေပြီ။
ဝန်အများ တင်လို့လည်းမရ တက်စီးလို့လည်း မရ သံယောဇဉ်ရှိလွန်းတော့ အစာကျွေးကာ အနီး အနား ဘယ်သွားသွား လူမြင်အောင်ပြသ ခေါ်သွားသလိုပေါ့။ဒီတစ်ခါခရီးက
အပြန်
ခရီး ဆိုတာ ကလည်း ရွာနီးစပ်ချုပ်ပေါ့။
နေပူကြီးထဲ ချောင်းနား မြစ်ဆိပ်တွေဆိုကိုယ်လည်းရေသောက် မြင်းလည်း ရေဆာလေမလားပေါ့။
မြင်းကိုရေရှိရာသို့သာ ဆွဲခွင့် ရှိတာပါရေသောက်ခြင်း မသောက်ခြင်း ကတော့မြင်းအပိုင်းပေါ့လေ။
ဒီလိုနဲ့ နေရပ် ရွာသို့ ပြန်ရောက်ခါနီး မတော့ မှောင်နေပြီပေါ့။
ဇက်ကြိုးကိုလွှတ်လို့ လွတ်လပ်စွာ သွားစေ လိုက် ကာမှ ရေတွင်းပျက် အကြီးကြီးထဲ ချော်တော်ငေါ့ပြီး ရွှေမြင်းအိုကြီး ပြုတ်ကျပါလေရော။
တွင်းပျက် ဆိုတော့ အမှိုက်သရိုက် တွေနဲ့မို့ မြင်းတစ်ကောင် ပြန်မတက်နိုင်လောက်အောင်သာအနက်ရှိတော့တာပေါ့။
ရေတွင်းဘောင်ကလည်း ရွံ့စေးထပ်ထပ်ကိုင်ထားလို့ ကလေးတွေ ပြုတ်မကျစေဖို့လောက်သာ အဟန့်ရှိ တာမို့ ပြုတ်ကျတာမျိုးပေါ့။မြင်းကိုး။
မြင်းပိုင်ရှင်က ပြန်ဆွဲတင်ဖို့ စဉ်းစားရင်းမှ တော်ပါပြီသူလည်း အိုနေပါပြီ။ဘာမှလည်း အရင်လို သုံးမရတော့။ တစ်ခါတည်းမြေဖို့ လိုက်တော့မယ် ဆုံးဖြတ်ချက်နဲ့ ရွာထဲ ကိုသွား ရွာသား
တွေခေါ် ဂေါ်ပြားပေါက်တူး မြေသယ်အိတ်တွေယူလို့ မီးတုတ်ကိုယ်စီ နဲ့ ရေတွင်းပျက်အနား က မြေစာတွေ တူးလို့သယ်ကာတွင်းထဲကိုပစ်ချကာဖို့တယ်။

သြော် မြင်း မြင်း နိုင်ရာဝန် နိုင်တုန်းက ထမ်းခဲ့သော်ငြား
နိုင်ငံတကာမှာဆိုရင်လေ တရားဝင် အမှုထမ်း တိရစ္ဆာန် လားတို့ မိုင်းရှာခွေးတို့ဆိုတာက သက်တမ်းကုန်သွားရင် လားပင်စင် မိုင်းရှာခွေးပင်စင် ဆိုတာမျိုး မရပါပဲ အရှင်လတ်လတ် မြေဖို့ခံရတော့ မှာပါလားနော်။
အဲ့ဒီလို တွင်းအမှောင်ထဲက မြင်းကို မြေစာတွေ ဖို့တော့
မြေကြီးတွေက မြင်းကျောပေါ် ဘက်ကနဲ ကျတော့ လန့်ပြီး ခါချ
ခါချ ခါချ ရာက မြေတွေက သူ့အောက်ရောက်တော့တာပေါ့။
ဘက်ကနဲခါချ ကြောက်ကြောက်နဲ့
ဘက်ကနဲခါချရာကရာက မြေသားတွေတက်ပြီးတွင်းဝနားအရောက်မှာတော့ မြေပြင်ပေါ် ပြန်တက်နိုင်ခဲ့ ပါတော့တယ်။
ဆရာ/
ဆရာမ များသို့ ဂါရဝ
မှတ်ချက်။ ။ ကျွန်တော် ဆက်စပ်စဉ်း စား ရေးသား မိတာလေး ပါ။
မြန်မာနိုင်ငံရေးနှင့်တော့
မဆိုင်ပါဘူးလို့ နော့ဗျာ။
MgArKar
13/3/2015
No comments:
Post a Comment