သူငယ်ချင်း တစ်ဖြစ်လည်း ညီမငယ်သဲသဲ က ဓါတ်လှေကားထဲ ပိတ်မိနေသော မိန်းကလေးနှစ်ယောက်ကို ကယ်ထုတ် ရတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို ခံစားဝေမျှတော့ ကျွန်တော်လည်း ကိုယ်တွေ့ကြုံဖူးတာလေး ပြန်သတိရတယ်။ အတော်ဆိုးပါတယ်ခင်ဗျ။ နှလုံးရောဂါ ရှိရင်တော့ ဆက်မဖတ်ဖို့ ပြောပါရစေ။ တကယ်ပြောတာပါ။ဖြစ်ရပ်မှန်ပါ။ အဲ့ဒီတုန်းကပေါ့ ............. တပ်မတော် အရိုးရောဂါကုဆေးရုံ ကုတင်(၅၀၀)မှာ လက်ထောက်တွေနဲ့ ဝှီးချဲတွေနဲ့ တူရာ တူရာစု ပြီး အပြန်အလှန် နာလား၊ ခဏဆို ပျောက်မှာပါ၊ တစ်ယောက်တည်း မဟုတ်ဘူး၊ အေးဆေးပါ၊မိုင် နာပါ ဆိုပြီး ဒုက္ခိတ များစုဝေးရာဌာနပေါ့။ အချိန်က (၂၀၀၆) ....... ညဘက် ဆို လူနာဆောင်ထဲ လူနာ အသစ်ကလေး ဝင်လာတဲ့ ဘယ်အချိန်မဆို ... ထနိုင် သွားနိုင်သော တစ်ဖြတ် နှစ်ဖြတ်၊ ပျက် ၊ ကျိုး ၊ လွဲ၊ ကြေ သူတို့ အထောက်အကူ ပစ္စည်းလေးတွေ နဲ့ နွေးထွေးစွာ ကြိုဆို ၊ ဆေးရုံမရောက်ခင် ကာလ စိတ်ညစ်ညူးသမျှ ဟောကနဲ ပျောက်အောင် ဟန်ဆောင် ပြောကြ ရယ်ကြမောကြ တစ်ဆစ်ဆစ် ကိုက်ခဲနေတဲ့ ကြားက။ ဘာသောက်မလဲ အပူလား။အအေးလား။ ခေါက်ဆွဲခြောက်လား။ပါမုန့်လား။ လူနာရှင်တွေ ပါ လိုက်ရယ်။ လိုက်မော ။ တသောသောနဲ့ လူနာသစ်လွင်ကြိုဆိုပွဲတွေ ပါဝင် ဖြတ်သန်းစဉ်ကာလ။ တစ်ရက် သိန်းသန်းဝင်း အသစ်ကလေး ... သိန်းသန်းဝင်း လူနာသစ်လွင် အနေနဲ့ ရောက်လာတယ်။ လူနာဆောင်ထဲ မရောက်ဘူး။ အောက်ထပ် ICU မှာ မျက်လုံးထိ၊ခြေတစ်ဖက် ၊ လက်ဆစ်တွေ အကုန်ကျိုး အရေးပေါ်ဆိုတဲ့ သတင်းရတော့။ မနေနိုင်သော ကိုမျိုးမင်းခိုင်၊ကိုမြတ်သူ၊ကိုကျော်မြင့်ဦး၊အေးချမ်း၊ နေလင်းဦး၊မောင်အာကာ၊ရဲမင်းခန့်၊ထွန်းမင်းစိုး၊အောင်ကျော်ထွန်းနဲ့ ဆန်းဦးတို့ ICU ရှိရာ အောက်ထပ်သို့ ဝှီးချဲ၊လက်ထောက်၊ချိုင်းထောက် တွေ နဲ့ ဓါတ်လှေကားဆီ သွားပြီး တစ်စုတစ်ဝေးထဲ အောက်ထပ်သို့ အဆင်း
Tuesday, 20 August 2013
မသေကောင်း မပျောက်ကောင်း

Sunday, 6 January 2013
ဆိုသည်မှာ ....များအကြောင်း
Aggregator ဆိုသည်မှာ ဝက်စာမျက်နှာ များမှ အသစ်အသစ်ဖြစ်သော
အချက်အလက်များကို စုစည်းပေးထားခြင်းဖြစ်ပါသည်။ တခါတစ်လေ RSS aggregator,
feed aggregator, feed reader, news reader ဟုလည်းခေါ်တတ်ပါသည်။ (Usenet
News reader ဖြစ့်မမှားရန် )
Anonymity (အမည်ဝှက်ခြင်း)
(privacy, pseudonymity, security, နှင့် confidentiality ဖြင့်မမှားရန် သတိပြုပါ)
အင်တာနက်ပေါ်တွင် အမည်ဝှက်ခြင်း (anonymity) ဆိုသည်မှာ အင်တာနက်ဝန်ဆောင်မှုများသုံးရာတွင် မိမိ၏ အချက်အလက်များကို မသိစေချင် မချန်စေချင် ခြင်းဖြစ်သည်။ လုံခြုံမှုအဆင့်ဆင့်မှာ မိမိတို့ အသုံးပြုသော anonymity နည်းလမ်း နှင့် ထိန်းချုပ်စောင့်ကြည့်ခြင်း အခြေအနေတွေပေါ်မူတည်ပါသည်။ အလုံးခြုံဆုံးနှင့် အားအကောင်းဆုံးနည်းလမ်းမှာ ဆက်ကြောင်းတခု ဖန်တီးထား၍ ထိုဆက်ကြောင်းတွင်းရှိ အချိတ်အဆက်များကို ကျပန်းစနစ်ဖြင့်ရွေးချယ်ခြင်းဖြစ်သည်။ ထို အချိတ်အဆက်တခုစီမှာလည်း process ကြီးတခုလုံး၏ တစ်စိတ်တစ်ပိုင်းသာ သိနိုင်သည်။ ဥပမာ- ပထမဆုံး အချိတ်အဆက်မှာ အသုံးပြုသူ၏ IP address တစ်ခုထဲသာသိနိုင်ပြီး အကြောင်းအရာ၊ သွားမည့်နေရာ၊ အချက်အလက် စသည်တို့ကို မသိနိုင် ပါ။ အဘယ်ကြောင့်ဆိုသော် ထို process တစ်ခုလုံးကို encrypt လုပ်ထားသောကြောင့်ဖြစ်ပါ သည် ။ နောက်ဆုံးအချိတ်အဆက်အနေဖြင့်လည်း သွားမည့်နေရာ (ဝက်ဆိုက်) ကိုသာသိ၍ ထို connection ဘယ်က စသည်ဆိုတာကိုမသိနိုင်ပါ။ ကြားထဲရှိ အချိတ်အဆက် တစ်ခု သို့မဟုတ် ကြား အချိတ်အ ဆက် များသည် ရှေ့ဆုံးနှင့် နောက်ဆုံး အချိတ်အဆက်အား process ကြီးတစ်ခုလုံးမသိနိုင်စေရန် ကာကွယ်ပေး ပါသည်။
Anonymous remailer
Anonymous remailer ဆိုသည်မှာ ဘယ်သို့ဘယ်သို့ စာပို့ရန်ညွှန်ကြားချက်များပါသော အီးမေးကိုလက်ခံပြီး ဘယ်အရင်းအမြစ်မှ ပို့သည်ဆိုတာကို ဝှက်ပေးကာ ပြန်ပို့ပေးခြငး်ဖြစ်သည်။ သို့ပေမယ့် ထို remailer သည် အရင်းအမြစ်၏ လိပ်စာ၊ အီးမေး၏ အကြောင်းအရာ နှင့် ဘယ်ကိုပို့လိုသနည်းဆိုတာကို သိနေသောကြောင့် remailer များကို remailer များကြားထဲမှ ဆင့်ခံ၍ သုံးပါက ဘယ် remailer မှ အကြောင်းအရာအားလုံးကိုမသိနိုင်အောင် ကာကွယ်နိုင်ပါသည်။
ASP (application service provider)
ASP သည် အင်တာနက်ပေါ်ရှိ ဆော့ဝဲ ဝန်ဆောင်မှုများပေးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ၄င်းသည် ထိုဆော့ဝဲများအား upgrade လုပ်ခြင်းနှင့် ပြုပြင်ပြင်ဆင်ခြင်းများကိုလည်း ဗဟိုပြု ပြုုလပ်ပေးပါသည်။
backbone
Backbone ဆိုသည်မှာ အင်တာနက်ဖြစ်ပေါ်ရန် နိုင်ငံအသီးသီး အဖွဲ့အစည်းအသီးသီးတို့၏ ကွန်နက်ရှင် များကို ပေါင်းပေးထားသော bandwidth မြင့်ဆက်သွယ်ရေးလမ်းကြောင်းကြီးတစ်ခုဖြစ်ပါသည်။
Bandwidth
connection တစ်ခု၏ bandwidth ဆိုသည်မှာ ထိုဆက်ကြောင်းပေါ်ရှိ ဒေတာ transfer လုပ်နိုင်သော အမြင့်ဆုံးနှုန်းကို ဆိုလိုပါသည်။
Bash (Bourne-again shell)
Linux/Unix Operating systems အတွက် Bourne shell ပေါ်တွင်အခြေခံသော command-line interface ဖြစ်သည်။
BitTorrent
BitTorrent ဆိုသည်မှာ Bram Cohen ဆိုသူမှ ၂၀၁၁ ခုနှစ်တွင် တီထွင်ခဲ့သော ကွန်ပျူတာတစ်ခုမှ တစ်ခု (peer-to-peer) သို့ ဖိုင် size ကြီးသော ဖိုင်များ- ဥပမာ- CD images, Video, music ဖိုင်များကို စားရိတ် သက်သက်သာသာနှင့် မြန်မြန်ဆန်ဆန် ဝေမျှနိုင်ရန် တီထွင်ထားသော စနစ်ဖြစ်သည်။
Blacklist
Blacklist ဆိုသည်မှာ တားမြစ်ထားသော လူ၊ အရာဝတ္ထုများကိုဆိုလိုသည်။ အင်တာနက် ဆင်ဆာ တွင်တော့ တားမြစ်ပိတ်ပင်ထားသော ဝက်စာမျက်နှာ စာရင်းကို blacklist ဟုခေါ်ဆိုနိုင်ပါသည်။ censorware များအနေဖြင့် blacklist တွင်ပါသော ဝက်စာမျက်နှာများမှ တပါး အခြား ဝက်စာမျက်နှာ များကို ကြည့်ခွင့်ပေးထားပါသည်။ Blacklist နှင့်ပြောင်းပြန် whitelist ဆိုတာရှိပါသည်။ whitelist system အနေဖြင့် whitelist တွင်ပါသော ဝက်စာမျက်နှာများမှ တပါး အခြားဆိုက်များအား ပိတ်ပင်ထားသည်။ အင်တာနက်ဆင်ဆာ တွင် whitelistစနစ်ကိုအသုံးပြုမှုနည်းပါးပါသည်။ ၄င်းစနစ်နှစ်ခုလုံးကို တွဲသုံးပြီး မည်သည့် list ထဲတွင်မှ မပါသော ဝက်စာမျက်နှာများအား string matching စနစ် သို့မဟုတ် တခြား စနစ်များသုံးပြီး စာရင်းပြုစုနိုင်ပါသည်။
Bluebar
Psiphon browser အပေါ်တွင်ရှိသော အပြာရောင် URL ဘားတန်းကို bluebar ဟုခေါ်ပါသည်။ ၄င်းတွင် ပိတ်ထားသော ဝက်စာမျက်နှာများ၏ လိပ်စာကိုရိုက်ထည့်ပြီး ကျော်ကြည့်နိုင်ပါသည်။
Psiphon node ကိုလည်းကြည့်ပါရန်
Block
block လုပ်သည်ဆိုသည်မှာ အင်တာနာ်ကပေါ်ရှိအချက်အလက်များကို နည်းအမျိုးမျိုးသုံး၍ ပိတ်ပင်ထားခြင်းကို ဆိုလိုပါသည်။
Bookmark
Bookmark ဆိုသည်မှာ software အတွင်းရှိသော တခြားအပြင်အချက်အလက်များ ၏ညွှန်ပြ ချက်ဖြစ်သည်။ Browser တွင် bookmark ဆိုသည်မှာ ဝက်စာမျက်နှာကိုရည်ညွှန်းပြီး - ထို bookmark ကိုရွေးလိုက်ပါက URL (ဝက်ဆိုက်လိပ်စာ) ရိုက်ထည့်ရန်မလိုပဲ တန်းသွားနိုင်ပါသည်။
Brute force attack
Brute force attack ဆိုသည်မှာ password တစ်ခုအား ဝင်လို့မရမချင်း ဖြစ်နိုင်သော ကုဒ်နံပါတ်များတစ်ခုပြီးတစ်ခု ရိုက်ထည့်ကာ အတင်းဝင်ရောက်ရန် ကြိုးစားခြင်းကိုဆိုလိုသည်။ ၄င်းသည် အသုံးများသော hacking နည်းလမ်းတစ်ခုဖြစ်ပါသည်။
cache
cache ဆိုသည်မှာ မကြာခဏ အသုံးပြုသော၊ သို့မဟုတ် မကြာခင်က အသုံးပြုထားသော အချက်အ လက်များကို နောက်တကြိမ်ထပ်မံ ရယူလိုပါက မြန်ဆန်အောင် ထိန်းသိမ်းထားရာနေရာဖြစ်သည်။ Web cache သည် ဝက်စာမျက်နှာများ၏ ကော်ပီများကိုဆိုလိုပါသည်။
Censor
censor လုပ်သည်ဆိုသည်မှာ အချက်အလက်များ တင်ပြခြင်း (သို့) ရယူခြင်းမှ တားမြစ်ထားခြင်း၊ အရေးယူခြင်း၊ ဥပဒေအရတားမြစ်ထားခြင်း စသည့်ပြုလုပ်ချက်များကိုဆိုလိုပါသည်။
Censorware
censorware ဆိုသည်မှာ အင်တာနက်အား စီစစ်ရန် သို့မဟုတ် ပိတ်ပင်ရန် အသုံးပြုသော software ဖြစ်ပါသည်။ ၄င်းသည် အသုံးပြုသူ၏ ကွန်ပျူတာတွင် အင်တာနက် စီစစ် ပိတ်ပင်ရန် တပ်ဆင် ထားသော ဆော့ဝဲများကို ဆိုလိုပါသည်။ အသုံးပြုသူ၏ ကွန်ပျူတာတွင် သုံးသော ထို censorware များ သည် များသောအားဖြင့် parental control ( ကလေးငယ်များအင်တာနက်သုံးရာတွင် လုံခြုံစိတ်ချမှု ရှိစေရန်) ရည်ရွယ်ချက်ဖြင့်သုံးပါသည်။တခါတလေတွင် ထိုရည်ရွယ်ချက်ဖြင့် network server (သို့) router တွင်တပ်ဆင်ထားသော ဆော့ဝဲကိုလည်းခေါ်ဆိုနိုင်ပါသည်။
CGI (Common Gateway Interface)
Program များကို web server ပေါ်တွင် web application အဖြစ် run စေသော စနစ်ကို CGI စနစ်ဟုခေါ်ပါသည်။ CGI စနစ်ကိုအသုံးပြုသော web proxy အတော်များများကိုလည်း CGI Proxies များဟုတ်ခေါ်ပါသည်။ (James Marshall ရေးသားသော Perl programming language သုံး နာမည်ကြီး CGI Proxy တစ်ခုမှာ CGIProxy ဖြစ်ပါသည်။)
Chat
Chat ကို instant messaging ဟုလည်းခေါ်ပါသည်။လူ ၂ ယောက် (သို့) ၂ ယောက်နှင့်အထက် စာများရိုက်ပြီးအချင်းချင်း ချက်ချင်းဆက်သွယ်သော ပုံစံ ကိုဆိုလိုပါသည်။ Chat protocol အတော်အ များရှိပါသည်။ ကုမ္ပဏီ များမှ သီးသန့်ထုတ်ထားသော စနစ်များ (AOL, Yahoo!, Microsoft, Google, စသည်ဖြင့်) နှင့် အများယူသုံးနိုင်သော protocol များဟူ၍ ရှိပါသည်။ အချို့ chat software များသည် protocol တစ်ခုတည်းသုံးပြီး အချို့မှာ လူသုံးများသော protocol များကိုသုံးတတ်ပါသည်။
Circumvention
Circumvention (အင်တာနက်ပိတ်ဆို့ကျော်လွှားခြင်း) ဆိုသည်မှာ ဆင်ဆာဖြတ်တောက်ထားသည့်ကြားမှ အချက်အလက်များ ပေးပို့ချင်း၊ ရယူခြင်းကိုဆိုလိုပါသည်။
Command-line interface
Unix shell (သို့) windows command line တွင် ကီးဘုတ်မှ တဆင့် command များရိုက် ထည့်ပြီး ဆော့ဝဲများ အလုပ်လုပ်စေရန် ရန် ထိန်းချုပ်ခြင်းနည်းလမ်းကို command-line interface ဟုခေါ်ပါသည်။
Cookie
Cookie ဆိုသည်မှာ web server မှ အသုံးပြုသူ၏ browsers ဆီတွင် သိုမှီးထားရန် ပေးပို့သော text string တစ်ခုဖြစ်ပါသည်။ ၄င်း text string သည် weg page များ၊ sessions များ၊ စသည်တို့ကို ဆက်တိုက် တတ်နေစေရန် လိုအပ်သော အချက်အလက်များပါဝင်ပါသည်။ အချို့ဝက်စာမျက်နှာများမှာ cookies များကို လက်မခံ မသိုမှီးထားပါက အလုပ်မလုပ်နိုင်ပါ။ တချို့လူများကတော့ ဤအကြောင်း အရာသည် လုံခြုံရေးဆိုင်ရာ စွတ်ဖတ်မှုအဖြစ် လက်ခံထားပါသည်။
Country code top-level domain (ccTLD)
နိုင်ငံတိုင်းတွင် အက္ခရာ နှစ်လုံးပါဝင်သော country code နှင့် ၄င်းကိုအခြေခံသော TLD (top-level domain) ရှိပါသည်။ ဥပမာ- ကနေဒါအတွက် .ca ။ ဤ ဒိုမိန်းကို country code top-level domain ဟုခေါ်ပါသည်။ ၄င်း ccTLD တစ်ခုစီတွင်လည်း TLD အောက် second level domains များရှိသော DNS server တစ်ခုရှိပါသည်။ အင်တာနက် root servers များအနေဖြင့် TLD များကိုညွှန်ပြီး၊ lower-level domain များအတွက် အကြည့်များသော ဝက်စာမျက်နှာများအတွက် cache ကိုသုံးပါသည်။
DARPA (Defense Advanced Projects Research Agency)
DARPA သည် ARPA အပြီးတွင် အင်တာနက်နှင့် ARPAnet ကိုထောက်ပံ့ပေးသော အဖွဲ့အစည်းဖြစ် ပါသည်။
Decryption
Decryption ဆိုသည်မှာ encrypt လုပ်ထားသော စာသား သို့မဟုတ် အခြား message များကို key တစ်ခုသုံး၍ ဖြည်ခြင်းကိုဆိုလိုသည်။
Domain
domain တစ်ခုသည် Top-Level Domain (TLD) တစ်ခု သို့မဟုတ် secondary domain တစ်ခုဖြစ်နိုင်ပါသည်။Top-Level Domain, country code Top-Level Domain နှင့် secondary domain ကိုလည်းကြည့်ပါရန်။
DNS (Domain Name System)
Domain Name System (DNS) သည် domain များအား လွယ်လင့်တကူ မှတ်မိစေရန် ပြုလုပ်ထားသော စာအက္ခရာများကို ဂဏန်းအက္ခရာ လိပ်စာများဖြစ်သော IP address များအဖြစ်ပြောင်းပေးပါသည်။ အင်တာနက်ချိတ်ဆက်မှုရှိသော ကွန်ပျူတာတိုင်းတွင် ကိုယ်ပိုင် ip address များရှိပါသည်။ ( ဧရိယာကုဒ်+ ဖုန်းနံပါတ်) နှင့် ခပ်ဆင်ဆင်တူပါသည်။
DNS leak
ကွန်ပျူတာတစ်လုံးကို အင်တာနက်အသုံးပြုရန်အတွက် proxy ကိုသုံးရန် ပြင်ဆင်မှုပြုလုပ်ထားပြီး proxy ကိုအသုံးမပြုပဲ DNS queries များပြုလုပ်ပါက အသုံးပြုသူအား ပိတ်ပင်ထားသော ဝက်စာမျက်နှာများအား ဝင်ရောက်နေကြောင်း သိသာစေခြင်းကို DNS leak ဖြစ်ခြင်းဟုခေါ်ပါသည်။ အချို့ web browsers များတွင် proxy ကိုမဖြစ်မနေသုံးရန် ပြင်ဆင်မှု ပြုလုပ်ထားနိုင်ပါသည်။
DNS server
DNS server (သို့) Name server သည် Domain Name System များကို ကြည့်ရှုရန် အသုံးပြုသည်။ ၄င်းသည် domain တစ်ခု၏ ရှိလက်စ cache IP address အားသွားရောက်ခြင်းဖြင့်လည်းကောင်း၊ name server အသစ်ဆီကို request ပေးပို့ခြင်းဖြင့်လည်းကောင်း အလုပ်လုပ်ပါသည်။
DNS tunnel
DNS tunnel လုပ်သည်ဆိုသည်မှာ DNS/Nameservers များအပေါ် ပုန်းလျှိုးသွားခြင်းကိုဆိုလိုပါသည်။ DNS tunnel လုပ်ခြင်းဖြင့် DNS system အားနှောက်ယှက်လိုက်ု့သလိုဖြစ်သွားသောကြောင့် analog modem ကပေးသော နှုန်းသာသာ 3kb/s လောက်ရှိသော နှေးကွေးသော ကွန်နက်ရှင်ပဲရနိုင်ပါသည်။ ၄င်းနှုန်းသည် YouTube တို့ file များ share လုပ်ရန်တို့အတွက် မလုံလောက်သောငြားလည်း ICQ, MSN messenger နှင့် သာမာန်အီးမေး ပို့ရန် အသုံးပြုနိုင်ပါသည်။
DNS tunnel အသုံးပြုချင်သော ကွန်နက်ရှင်တွင် port 53 ဖွင့်ထားရန်သာလိုအပ်ပါသည်။ ထို့ကြောင့်အခကြေးငွေယူသော Wi-Fi များတွင်တောင် ပိုက်ဆံမပေးရပဲ အသုံးပြုနိုင်ပါသည်။
အဓိက ပြဿနာတစ်ခုမှာ ပြင်ဆင်ထားပြီး အများအသုံးပြုနိုင်သော nameservers တစ်ခုမျှမရှိခြင်းပင်ဖြစ်ပါသည်။ ထို့ကြောင့် server အားကိုယ်တိုင်ထောင်ရပါလိမ့်မည်။ ထိုဆာဗာတွင် Linux သုံးထားပြီး အင်တာနက်ချိတ်ဆက်မှုအမြဲရှိနေရပါမည်။ ထို server တွင် အခမဲ့ဆော့ဝဲများဖြစ်သော OzymanDNS, SSH နှင့် Squid ကဲ့သို့သော Proxy များကို install လုပ်ထားနိုင်ပါသည်။ http://www.dnstunnel.de တွင်ဆက်လက်ဖတ်ရှုနိုင်ပါသည်။
Eavesdropping
Eavesdropping (ကြားဖြတ် ခိုးဝှက်နားထောင်ခြင်း) ဆိုသည်မှာ တယ်လီဖုန်းလိုင်း၊ ဒီဂျစ်တယ် ဒေတာ ကွန်နက်ရှင်စသည်တို့တွင် အသံ၊ အချက်အလက် များကြားဖြတ်နားထောင်ခြင်း၊ သို့မဟုတ် စီစစ်ခြင်းကိုဆိုလိုပါသည်။ ၄င်းသည် တရားမဝင်သော၊ သို့မဟုတ် သူတို့မလိုလားအပ်သော အချက်အလက်များ ပေးယူနေခြင်းကို စုံစမ်းထောက်လှမ်းနိုင်ရန် ပြုုလပ်ကြပါသည်။
E-mail
Electronic Mail, အတိုကောက်အားဖြင့် e-mail သည် အင်တာနက်ပေါ်မှတဆင့် စာများ ပေးပို့ရယူခြင်း နည်းလမ်းဖြစ်ပါသည်။ E-mail များပေးပို့ရန် web mail များကိုသုံးနိုင်သလို SMTP protocol ဖြင့် ပို့ပြီး POP3 ဖြင့်လက်ခံသော email clients များဖြစ်သော Outlook Express သို့မဟုတ် Thuderbird ကိုလည်းသုံးနိုင်ပါသည်။ အစိုးရမှ အီးမေးအသုံးပြုမှုကို ပိတ်ထားရန်မှာ ဖြစ်နိုင်ခဲသော်လည်း အီးမေးများကို ထိန်းချုပ်စောင့်ကြည့်ခြင်းမှာ ဖြစ်လေ့ဖြစ်ထရှိပါသည်။ အီးမေးကို encrypt မလုပ်ထားပါက network operator သို့မဟုတ် အစိုးရမှ လွယ်လင့်တကူ ကြည့်ရှူနိုင်ပါသည်။
Embedded scriptEmbedded script ဆိုသည်မှာ software code အပိုင်းအစတစ်ခုဖြစ်ပါသည်။
Encryption
Encryption ဆိုသည်မှာ ဒေတာအချက်အလက်များအား သချင်္ာနည်းလမ်းကိုသုံး၍ လျို့ဝှက် key မရှိပါက ဖွင့်လို့မရအောင ်ကပြောင်းကပြန်ပြုလုပ်ထားခြင်း ပြောင်းလဲထားခြင်းများကိုဆိုလိုပါသည်။ ကိုယ့် Harddrive ထဲရှိဒေတာများကို TrueCrypt (http://www.truecrypt.org) ဖြင့် encrypt လုပ်နိုင်ပြီး အင်တာနက်လမ်းကြောင်းများအား SSL သို့မဟုတ် SSH ဖြင့် encrypt လုပ်ထားနိုင်ပါသည်။
decryption ဆိုသည်ကိုလည်းကြည့်ရန်
Exit node
exit node ဆိုသည်မှာ Tor network အပြင်သို့ ဒေတာများ ပေးပို့သော Tor node တစ်ခုဖြစ်ပါသည်။
File sharing
File sharing ဆိုသည်မှာ အချက်အလက်တစ်ခုတည်းကို လူအများမှ အသုံးပြုနိုင်သော မည်သည့် ကွန်ပျူတာ စနစ်ကို မဆို ဆိုလိုပါသည်။ သို့သော် ၄င်းအသုံးအနှုန်းကို အင်တာနက်မှ တဆင့် သီချင်းများ၊ ရုပ်ရှင်များ၊ အခြားဖိုင်များ အားတပါးသူများအား အခမဲ့ ဝေမျှသောအခါ သုံးတတ်ပါသည်။
File spreading engine
File spreading engine ဆိုသည်မှာ အချက်အလက်တင်သူတစ်ယောက်အနေဖြင့် အင်တာနက် ဆင်ဆာကိုကျော်လွှားရန်အသုံး ပြုသော website တစ်ခုဖြစ်ပါသည်။ အသုံးပြုသူအနေဖြင့် ဖိုင်အား အင်တာနက်ပေါ်သို့တစ်ခါတင်ပြီး file spreading engine အနေဖြင့် ၄င်းဖိုင်အား (rapidshare, Megaupolad) တို့ကဲ့သို့သော sharehosting services များသို့ပါ တစ်ခါတည်းတင်ပေးပါသည်။
Filter
Filter (စီစစ်ခြင်း) ဆိုသည်မှာ ဒေတာအသွားအလာများကို အကြောင်းအရာလိုက် ပိတ်ပင်ခြင်း သို့မဟုတ် ခွင့်ပြုခြင်းကိုဆိုလိုပါသည်။
Firefox
Firefox သည် Mozilla Foundation မှ ပြုလုပ်သော နာမယ်အကြီးဆုံး အခမဲ့လွတ်လပ် web browser တစ်ခုဖြစ်ပါသည်။
Forum
ဝက်စာမျက်နှာတစ်ခုပေါ်တွင် forum ဆိုသည်မှာ ဆွေးနွေးမှုများ ပြုလုပ်သောနေရာဖြစ်ပါသည်။ အသုံးပြုသူများသည် မက်စေ့ချ် များတင်၍ အခြားမက့်စေ့ချ်များကိုလည်း ဝင်ရောက် ဆွေးနွေး မှုပြု လုပ်နိုင်ပါသည်။ Mailing list သို့မဟုတ် usenet newsgroup များနှင့်ကွာခြားချက်မှာ forum တွင် မက်စေချ့်ဆွေးနွေးချက်တစ်ခုလုံးကို စာမျက်နှာတစ်ခုတည်းတွင်တွေ့နိုင်ပြီး၊ Newsgroup နှင့် mailing list များသည် မက်စေ့ချ် တစ်ခုကို တစ်မျက်နှာသာပြ၍ တခြားဆွေးနွေးချက်များကို ခေါင်းစဉ်အလိုက်သာ အပေါ်မှာ ဖော်ပြထားပါသည်။
Frame
Frame ဆိုသည်မှာ ဝက်စာမျက်နှာပေါ်တွင်ရှိသော ကိုယ်ပိုင် လိပ်စာ (URL) ရှိသော အစိတ် အပိုင်း တစ်ခုဖြစ်ပါသည်။ ဥပမာ- frame များကို scroll လုပ်လို့ရသော text window ဘေးတွင် static menu ထည့်ရာတွင် အသုံးပြုတတ်ပါသည်။
FTP (File Transfer Protocol)
FTP protocol ကို file များ transfer လုပ်ရာတွင်အသုံးပြုသည်။ လူအများစုကတော့ download လုပ်ရန်အတွက် အသုံးပြုကြပြီး web server များသို့ web page များ scripts များ upload တင်ရာတွင် လည်းအသုံးပြုပါသည်။ ၄င်းသည် port 20 နှင့် 21 ကိုအသုံးပြုပြီး တချို့နေရာများတွင် ထို port များကို ပိတ်ထားတတ်သည်။ အချို့ FTP server များသည် သိပ်ပြီးလူသုံးမများသည့် port များကိုလက်ခံပြီး port ပိတ်ဆို့ခြင်းကို ကာကွယ်တတ်ပါသည်။
Windows နှင့် Mac OS တွင်အသုံးပြုနိုင်သော FTP client တစ်ခုမှာ အခမဲ့လွတ်လပ် အမည်ရှိ ဆော့ဝဲ တစ်ခုဖြစ်သော FileZilla ဖြစ်ပါသည်။ Firefox ကဲ့သို့ web browser များတွင်အသုံးပြုနိုင်သော အခြား web-based FTP clients များလည်းရှိပါသည်။
Gateway
Gateway ဆိုသည်မှာ အင်တာနက်ပေါ်ရှိ network ၂ ခုကိုချိတ်ဆက်ပေးသော အချိတ်အဆက်( node) ဖြစ်ပါသည်။ အရေးအကြီးဆုံးနမူနာအနေနှင့် ကတော့ အမျိုးသား gateway (national gateway) ဖြစ်ပြီး ၄င်းသည် အဝင်အထွက် ကွန်နက်ရှင်မှန်သမျှ ထို gateway ထံမှ ဖြတ်ရပါသည်။
Honeypot
Honeypot ဆိုသည်မှာ လူများကိုအသုံးပြုစေရန် ဆွဲဆောင်ပြီး အသုံးပြုသူများ၏ အချက်အလက်များကို ခိုးယူသော ဝက်ဆိုက်ဖြစ်ပါသည်။
Hop
Hop ဆိုသည်မှာ လမ်းကြောင်းအတွင်းရှိ ကွန်ပျူတာ တစ်ခုမှ တစ်ခုသို့ ပေးပို့သော packet တစ်စု နဲ့တစ်ခု ဆက်ကြားရှိ ချိတ်ဆက်မှုကိုဆိုလိုပါသည်။ ကွန်ပျူတာတစ်ခုနဲ့တစ်ခုကြားရှိ hop အကြိမ်ရေကိုလိုက်၍ ထိုဆက်သွယ်မှု၏ ကျန့်ကြာမှု (latency) ကိုတွက်ချက်နိုင်ပါသည်။ Hop တစ်ခုချင်းဆီတွင်လည်း ဆက်သွယ်မှုကို ကြားဖြတ်ခိုးယူနားထောင်နိုင်မှု ၊ပိတ်ပင်နိုင်မှု၊ နောက်ယှက်နိုင်မှု စသည်တို့ ကို ပြုလုပ်နိုင်ပါသည်။
HTTP (Hypertext Transfer Protocol)
HTTP ဆိုသည်မှာ world wide web အတွက် အဓိက ကျသော protocol တစ်ခုဖြစ်ပါသည်။ ၄င်းသည် web page များကို request လုပ်ခြင်း ပြပေးခြင်း နှင့်အင်တာနက်ပေါ်ရှိ ဝန်ဆောင်မှုအများအပြား အားအသုံးပြုနိုင်သည့် နည်းလမ်းဖြစ်ပါသည်။
HTTPS (Secure HTTP)
လုံခြုံမှုရှိသော HTTP (secure HTTP or HTTPS) ဆိုသည်မှာ ဆက်သွယ်မှုများကို encrypt လုပ် ထားသော HTTP များအသွင်ဖြင့် သွားလာစေပါသည်။ Client နှင့် server ၂ ဘက်စလုံးမှ ဆက်သွယ်မှု များကို encrypt လုပ်ပေးပါသည်။ Key များကိုလည်း လုံခြုံစွာ လဲလှည်စေပါသည်။ သို့သော် ဒေတာအရင်းအမြစ်နှင့် အဆုံးသတ်၏ IP address များသည် packet များ၏ ထိပ်ဆုံးတွင် ပါသောကြောင့် HTTPS အနေဖြင့် ဆက်သွယ်မှုကို မဖုံးကွယ်ထားနိုင်သော်လည်း အထဲရှိ အချက်အ လက်များကိုမူ လုံခြုံမှုရှိစေပါသည်။
IANA (Internet Assigned Numbers Authority)
IANA သည် အင်တာနက်တစ်ခုလုံး၏ နည်းပညာဆိုင်ရာ အဆောက်အအုံအတွက် တာဝန်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄င်း၏ လုပ်ငန်းဆောင်တာများတွင် top-level domains များအတွက် IP address များသတ်မှတ်ပေးခြင်း၊ ccTLDs နှင့် TLDs များအတွက် domain ရောင်းချသူများအတွက် လိုင်စင်များချမှတ်ပေးခြင်း၊ root name servers များထူထောင်ပေးခြင်းနှင့် အခြား တာဝန်များကို ယူရပါသည်။
ICANN (Internet Corporation for Assigned Names and Numbers)
ICANN သည် အမေရိကန် ကုန်သွယ်ရေး ဌာနမှထူထောင်ထားသော အဖွဲ့အစည်းဖြစ်ပြီး အင်တာနက်နှင့်ပတ်သတ်သော အမြင့်ဆုံး ကိစ္စရပ်များကို အုပ်ချုပ်ရသော အဖွဲ့အစည်းဖြစ်ပါသည်။ နည်းပညာဆိုင်ရာ ကိစ္စများကိုတော့ IANA မှဆောင်ရွက်ပါသည်။
Instant Messaging (IM)
Instant messaging ဆိုသည်မှာ သက်ဆိုင်ရာ protocol ကိုသုံး၍ chat လုပ်ခြင်းကိုဆိုလိုပါသည်။ လူသုံးများသော instant messaging clients များတွင် MSN Messenger, ICQ, AIM နှင့် Yahoo! Messenger တို့ပါဝင်ပါသည်။
intermediary
men in the middle ရှင်းလင်းချက်ကို ကြည့်ပါရန်
Internet
Internet ဆိုသည်မှာ TCP/IP အပါအဝင် အခြားဆက်သွယ်ရေး protocol များဖြင့် ချိတ်ဆက်ထားသော networks များစုပေါင်းထားသော network ကြီးတစ်ခုဖြစ်ပါသည်။
IP (Internet Protocol) Address
IP address ဆိုသည်မှာ Internet ပေါ်ရှိကွန်ပျူတာ အားသတ်မှတ်ပေးထားသော နံပါတ်တစ်ခုဖြစ်ပါသည်။ ဗားရှင်းအဟောင်းဖြစ်သော ဗားရှင်း ၄ Internet protocol တွင် IP address သည် 4 byte (32 bits) ပါဝင်ပြီး ၀-၂၅၅ ကြားရှိ ဂဏန်း ၄ ခုအား အစက်မလေးများဖြင့် ချားထားသော လိပ်စာတစ်ခုဖြစ်ပါသည်။ ဥပမာ- 74.54.30.85 ။ ဗားရှင်းအသစ်ဖြစ်သော IPv6 တွင် IP address သည် ၄ ဆ ပိုရှည်သွားပြီး 16 byte (128 bits) ပါဝင်လာပါသည်။ Hex digit 4 ခုပါသော အပိုင်း ၈ ပိုင်းကို colon များဖြင့်ခွဲခြားထားပါသည်။ ဥပမာ- 2001:0db8:85a3:0000:0000:8a2e:0370:7334
IRC (Internet relay chat)
IRC သည် သက်တန်း နှစ် ၂၀ လောက်ရှိသော အချိန်နှင့်တပြေးညီ စာမက်စေ့ချ်များပေးပို့ရာ တွင်သုံးသော Internet protocol တစ်ခုဖြစ်ပါသည်။ IRC ကွန်ရက်အများအပြားရှိပြီး လူသုံးအများဆုံး ကွန်ရက်မှာ လူပေါင်း ၅ သောင်းလောက်ရှိပါသည်။
ISP (Internet Service Provider)
ISP ဆိုသည်မှာ အင်တာနက်ဝန်ဆောင်မှုပေးသော လုပ်ငန်း သို့မဟုတ် အဖွဲ့အစည်းကိုဆိုလိုပါသည်။
JavaScript
JavaScript ဆိုသည်မှာ scripting language တစ်မျိုးဖြစ်ပြီး ဝက်စာမျက်နှာများတွင် interactive ဖြစ်သော စနစ်များအတွက် အသုံးပြုပါသည်။

ware များအကြောင်း
Hardware
Hardware ဆိုတဲ့ အသုံးအနှုန်းကို အိမ်ဆောက်ပစ္စည်းကိရိယာတွေ ရောင်းတဲ့ဆိုင်မှာ အိမ်ဆောက်ပစ္စည်း ကိရိယာတွေကို ရည်းညွှန်းပြောဆိုတဲ့အခါမှာ သုံးတာတွေ့မိပါတယ်။ ကွန်ပြူတာမှာတော့ Hardware ဆိုတာ ထိနိုင်၊ ကိုင်နိုင်တဲ့ ပစ္စည်းတွေဟာ Hardware တွေပဲဖြစ်ပါတယ်။ Printer, System unit, Monitor, Keyboard, Mouse, Power Supply unit စတာတွေကို hardware တွေလို့ခြုံပြီး ခေါ်ဝေါ်ပါတယ်။ ကွန်ပြူတာ ပြင်ဆင်ပေး တဲ့သူတွေကို hardware technician, hardware engineer လို့ခေါ်ပါတယ်။ အဲဒီလိုပြင်ဆင်နိုင်အောင် သင်ကြားပေး တဲ့ သင်တန်းမျိုးကို hardware training center စသဖြင့် သုံးတာမျိုးလည်းရှိပါတယ်။

ဆိုသည်မှာ
၁။ ရှာဖွေရေး အင်ဂျင် ဆိုသည်မှာ?
မိမိ
ရိုက်သွင်းလိုက်သော စကားလုံးကို အသုံးပြု၍ ထိုစကားလုံးနှင့် ပတ်သတ်၍
ရရှိနိုင်သော အချက်အလက်များကို အင်တာနက်ပေါ်တွင် ရှာပေးသော ကွန်ပျူတာ
လုပ်ငန်းစဉ်၊ သို့မဟုတ် ထိုလုပ်ငန်းစဉ် ပါသော ကွန်ပျူတာ။
၂။ SEO/SEM ဆိုသည်မှာ?
SEO
ဆိုသည်မှာ Search Engine Optimization ၏ အတိုကောက် ဖြစ်ပြီး SEM ဆိုသည်မှာ
Search Engine Marketing ၏ အတိုကောက် ဖြစ်ပါသည်။ နှစ်မျိုးလုံးသည် သဘောတရား
အတူတူပင် ဖြစ်ပါသည်။ အဓိပ္ပါယ်မှာလူသားတို့သည် တစ်စုံတစ်ရာကို သိချင်ပြီဆိုပါက
အင်တာနက်ပေါ်တွင် ရှာဖွေရေး အင်ဂျင်များမှ တစ်ဆင့် သိချင်သည်ကို
ရှာဖွေလေ့ရှိကြသည်။ မိမိ ဝဘ်ဆိုက်၏ လိပ်စာကို လူတိုင်းသိနိုင်မည် မဟုတ်ပါ။
ထို့ကြောင့် လူသားတို့ ရှာဖွေရာတွင် မိမိဝဘ်ဆိုက်ကို တွေ့ရှိ၊ သိရှိနိုင်အောင်
မိမိ ဝဘ်ဆိုက်ကို ရှာဖွေရေး အင်ဂျင်များနှင့် ချိတ်ဆက်ထားရသည်။ ထိုကဲ့သို့
ချိတ်ဆက်ထားသော ဝဘ်ဆိုက်ပေါင်းများစွာ ရှိသည့်အနက် မိမိတို့၏ ဝဘ်ဆိုက်ကို အခြား
ဝဘ်ဆိုက်များထက် ရှေးဦးစွာ ဖော်ပြစေရန် ပြုလုပ်ခြင်းကို SEO ဖြစ်အောင်
ပြုလုပ်သည်ဟု ခေါ်ပါသည်။ ထိုကဲ့သို့ မိမိ၏ ဝဘ်ဆိုက်ကို ရှေးဦးစွာ
ဖော်ပြစေကြောင့် မိမိ ဝဘ်ဆိုက်ကို လူသိများလာ၍ စျေးကွက်ချဲ့ထွင်
နိုင်ခြင်းကြောင့်
|
Tuesday, 1 January 2013
ကျိုက်ဓနုတ်ဘုရားတွင်းမှ ဗုဒ္ဓရုပ်ပွားတော်မြတ်
Buddha Portrait_1.
December 06, 2012.
ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ဓနုတ်ကျေးရွာ၊ ကျိုက်ဓနုတ်ဘုရားတွင်းမှ ဗုဒ္ဓရုပ်ပွားတော်မြတ်။
Wednesday, 12 December 2012
Thursday, 18 October 2012
" မဟာကျိန်သစ္စာရှင်ဘုရားကြီး "
Buddha.
October 18, 2012.
" မဟာကျိန်သစ္စာရှင်ဘုရားကြီး "
အမှတ် ၁၁၃၅/၃ ၊ သုုနန္ဒာလမ်း၊ (ဋ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုုင်း။
အမြင့်ဉာဏ်တော် - ၁၂၉ ပေ ၊ ၆ လက်မ။
ဝေသာလီခေတ် ရှေးရခိုုင်ဘုုရင်တွေ လက်ထက်က ပဥ္စလောဟာ ဓါတ်သား (၅)မျိုးဖြင့် သွန်းလောင်းပူဇော်ပြီး ရာဇာဘိသေကပြုလုုပ်တဲ့အခါ ဦးခေါင်းပေါ်တင်၍ ကျိန်ဆိုုသစ္စာပြုကြတယ်လို့ သမိုုင်းအထောက်အထာအရ သိရပါတယ်။

Subscribe to:
Posts (Atom)