Tuesday, 17 March 2015

ဘိုင်းကနဲ အလဲ ဘက်ကနဲ အကျ


ဒီရက်ပိုင်း အစိုးရသစ် တက်ခါစက အတော်လေး စခန်းထလိုက်တဲ့ ဟောပြောပွဲ။ တစ်နည်း အားဖြင့် စာပေ ဟောပြောပွဲအဟောင်းတွေပြန်နားထောင်ဖြစ်တယ်။အဲ့ဒီမှာဆရာအကြည်တော် ဟောတာလေးထဲကပေါ့။သူတို့ ငယ်စဉ်က နေခဲ့တဲ့ကရင်ရွာလေးမှာ ကလေးပေါက်စန မတ်တပ်စမ်းကာစဆိုလျှင်  မိဘများက ကလေးငယ် ၏ အရပ်ထက်နည်းနည်း နက်တဲ့ ကျင်းထဲ ထည့်ထားပြီး အလုပ် လုပ်ကြရတယ်။စားဝတ်နေရေး ကိုးဗျ။ ကျွန်တော်တို့ငယ်စဉ်ကလည်း ကိုယ်တွေ့မြင်ခဲ့ကြုံခဲ့ပါတယ်။
မိုးကုတ်သူ မိုးကုတ်သားတွေ အတွက်တော့ မစိမ်းလှဘူးပေါ့။ အမေကချောင်းနားမှာ ခနွှဲဆေး ကျောက်ရှာ ဇကာမှောက် ကျောက်ရှာ တောင်ယာလုပ် အဲ့လိုချိန်တွေဆို ကလေးလေးတွေက တွင်းထဲမှာ မုန့်နဲ့ရေတော့