ရဲတင်းသွက်လက်ပုံရသော လူငယ်တစ်ယောက်က သူ့ချစ်သူရဲ့့ ဖအေကြီးထံ မကြောက်မရွံ ဝင်တွေ့တယ်။
"ဦးလေးသမီးနဲ့ ကျွန်တော်နဲ့ ချစ်သူတွေ ဖြစ်နေကြပြီ။ သူ့ကို ကျွန်တော် မကြာခင် လက်ထပ်လိုပါတယ်"
ဖအေကြီးက မျက်နှာတင်းတင်း ထားပြီး မေးလိုက်လေ၏။
"မင်းအရက်သောက်တက်သလား"
သည်မေးခွန်းအဆုံးမှာ လူငယ်က ချက်ချင်းပင် ပြန်ဖြေလိုက်၏။
"ဟာ .. ဦး ၊ အရေးကြီးတဲ့ ကိစ္စမေးတာကို အရင်ပြန်ဖြေပါဦး ။ ပြီးမှ သောက်ကြတာပေါ့ ။ နောက်မကျပါဘူး။"
No comments:
Post a Comment